အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။

Tuesday, December 29, 2009

ရခိုင် ဘုရင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးနေ့ အခမ်းအနား ဂျပန်တွင် ကျင်းပ

12/27/2009

၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော ၂၂၅ နှစ်မြောက် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့ အခမ်းအနားကို ဒီဇင်္ဘာလ ၂၇ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) လူငယ်အဖွဲ့မှ ဦးဆောင် ကျင်းပခဲ့သည်။

၂၂၅ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခဲ့ရသောနေ့မှာ ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဖြစ်သော်လည်း ဒီဇင်္ဘာလ ၂၇ ရက်နေ့မှာ ရုံးပိတ်ရက်ဖြစ်သဖြင့် စောစီးစွာ ကျင်းပရခြင်း ဖြစ်သည်ဟု သိရသည်။


အခမ်းအနားကို ရခိုင် ဘုရင်နိုင်ငံတော် အလံနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အလံတော်ကို အလေးပြု ဖွင့်လှစ်ခဲ့ပြီး ၎င်းနောက်ပိုင်း ရခိုင်နိုင်ငံတော် အတွက် အသက်ပေးလှူသွားကြသော ရခိုင်တော်လှန်ရေး ခေါင်းဆောင်များအား အလေးပြုကြသည်။

ထို့နောက် ခေတ်အဆက်ဆက် ရခိုင်ပြည် လွတ်မြောက်ရေး အတွက် အသက် ပေးလှူသွားကြသော ရဟန်း ရှင်လူ ပြည်သူ များအား ရည်စူး၍ (၁)မိနစ်ခန့် ဆုတောင်း မေတ္တာပို့ခဲ့ကြသည်။ အခမ်းအနားတွင် ရခိုင် အမျိုးသား သီချင်းကိုလည်း သီဆိုခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဥက္ကဋ္ဌ ဦးလှအေးမောင်နှင့် ဒုဥက္ကဋ္ဌ ဦးထွန်းအောင်ခင်တို့မှ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်က ဆောင်ရွက်သည်။

အခမ်းအနားတွင် သဘာပတိ ဦးလှအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းခိုင်တို့မှ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးရသည့်နေ့အား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး အမှာစကားပြောကြားကြပြီး၊ ရခိုင် ဒီမိုကရေစီအဖွဲ.ချုပ်(ပြည်ပ-ဂျပန်) တွဲဖက် အထွေထွေ အတွင်းရေးမှုး(၁) ဦးကျော်သန်းလှိုင်မှ ခေတ်အဆက်ဆက် ရခိုင်သမိုင်းနှင့် အချင်းချင်း ညီညွတ်မှုမရှိ၍ ရခိုင်လူမျိုး ကျွန်ဘ၀ ကျရောက် ရပုံကို အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။

ထိုနောက် တက်ရောက်လာာကသော တိုင်းရင်းသားခေါင်ဆောင်များနှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များက မိမိတို့ခံစားချက် အသီး သီးကို ပြောကြားကြသည်။

အခမ်းအနား ကျင်းပရခြင်းကို ရည်ရွယ်ကို ရခိုင်ဒီမိုကရေစီအဖွဲ.ချုပ်(ပြည်ပ-ဂျပန်) တွဲဖက်အထွေထွေအတွင်းရေးမှုး(၁) ဦးကျော်သန်းလှိုင်မှ ယခုကဲ့သို့ ပြောသည်။

“ ဒီအခမ်းအနားကို ဂျပန်မှာ ကျင်းပတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင် ဘုရင့်နိုင်ငံတော်ဟာ ဘီစီ ၃၃၂၅ ကနေ အေဒီ ၁၇၈၄ ခုနှစ်ထိ နှစ်ပေါင်း ၅၀၀၀ ကျော်တည်တံ့ခဲ့ပါတယ်။ အဲသလို ကိုယ့်မင်း ကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့ တိုင်းပြည် တပြည်ဖြစ်ခဲ့တဲ့ ရခိုင်ပြည် သမိုင်းကို ဂျပန်ရောက် ရခိုင်များသိရှိစေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပီးရင် အချင်းချင်း စည်းလုံးမှု ပြိုကွဲခဲ့တဲ့ အတွက် သူတပါးကျွန် ဖြစ်ခဲ့ရတဲ့ သမိုင်းသင်ခန်းစာကို ယူပြီး လက်ရှိ ရခိုင်အမျိုးသားတွေ စည်းလုံး ညီညွတ်ဖို့ လိုတယ်ဆိုတာကို သိရှိစေလိုတဲ့ အတွက် ခုလို အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်။”

အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များနှင့် တခြား ဖိတ်ကြားထားသူ ၆၀ ခန့်တက်ရောက်ခဲ့သည်။

ရခိုင်ပြည်သည် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ မတိုင်မှီထိ ကိုယ့်မင်းကိုယ်ချင်းနှင့် လွတ်လပ်သော ဘုရင့်နိုင်ငံတော် တခုဖြစ်ပြီး ဗမာဘုရင် ဘိုးတော်ဘုရားမှ ၀င်ရောက် သိမ်းပိုက်မူကြောင့် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ စနေနေ့တွင် ဗမာတို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။

ဗမာဘုရင်သည် ရခိုင် မင်းနေပြည်တော် မြောက်ဦးကို သိမ်းပိုက်ပြီးနောက် မြောက်ဦး နန်းတော်ကို မီးရှို့ကာ ရခိုင် ဘုရင် မဟာ သမ္မတ ရာဇာနှင့် မိဖုရား ဆွေမျိုး မူးမတ် ပညာရှိများအားလုံးကို ဖမ်းဆီးပြီး အမရပူရသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်မှ စပြီး ရခိုင်တို့၏ မင်းဆက် ပြတ်တောက်သွားကာ သူတပါးကျွန်အဖြစ်ဖြင့် နှစ်ပေါင်း ၂၂၅ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

narinjara

0 comments:

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP