အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, November 29, 2009

ရင်ကလွမ်းရေ အာသျှနီဝန်း

အသျှင်ချခရေ
နိုင်ငံရေးမျိုးစိ
ရခိုင်ပြည်မှာရာ
ရှင်သန်လာခကေ...။

အသျှင်ပြောခရေ
နိုင်ငံရေးစကား
ရခိုင်သားနားမှာ
ရက်ပြတ်ကြားပနာ
မှတ်မိနိန်ပါကေ..။

အသျှင်ပီးခရေ
နိုင်ငံရေးအသိ
ရခိုင်သားတိနှလုံးသားမှာ
စွဲငြိလို့ ရာ
ကျန်နိန်ခပါကေ...။

ယာသျှင်ကိုမျောက်နှင်
အသျှင်သခင်ကိုစော်ကား
ဘုရားစင်ထက်မှာထိုင်
အစိုင်မကောင်းရေ
အောက်သားစစ်ခွီးတိ
ရခိုင်ပြည်ကိုအမှောင်ကြီးချ
ကျွန်ဇတ်ကခိုင်းနိန်စွာကို
တွန်းလှန်ဖြိုချ
ဆုံးမဒဏ်ပီး
ရခိုင်သွီးတိနီနိန်ကြောင်းကို
ပြလို့ နိန်ကတ်ဖို့ ဒေ..။

လွမ်းမိပါရေ
အာသျှနီဝန်း
အသျှင်ထွန်းခပိုင်
ပြည်ရခိုင်ကို
ခေတ်သစ်ကမ္ဘာမှာ
ထိန်ထိန်လင်းလာစီဖို့ 
နီဝန်းသစ်တိ လိုအပ်နိန်ပါရေ..။

........................

မြောက်ဦးကဘီလူး

Read More...

Monday, September 21, 2009

ဦးဥတ္တမ နားထောင်နီရေ
------------------------
ရခိုင်မြီက ဦးဥတ္တမပန်းခြံ
အပန်းဖြေရန် အမှောင်ခွင်း
ရခိုင်အလင်းဆောင်သူ တဆူဆရာတော်
ဇာတိကျော်က မျက်စိချထားနီ
နားထောင်နီရေ။

ရခိုင်သားရို့
အနားယူရန် လီညှင်းခံဖို့
လာလို့ရောက်လာ ငါနားထောင်နီရေ။

ဇာတိပြောလဲ ဇာစကားလဲ
ကိုယ့်လူမျိုးအတွက် တိုးတက်ကြီးပွါး
စကားမျိုးလား ကိုယ့်အမျိုးသားရို့၏
အသိမြင့်မား နိုးကြားတက်ကြွ
ဝေါဟာရမျိုးလား နားထောင်ဂရုစိုက်နီရေ။

မဟုတ်ဘဲနန့်
သွီးကွဲပြားစွာ မညီညာ
ယုတ်မာစိတ်ထား ပျက်ပြားဖောက်ပြန်
အမှန်မလုပ် သိမ်နုတ်စကား
ပြောခြင်းလားလို့ နားစွင့်ဂရုစိုက်နီရေ။

ယင်းပိုင်မဟုတ် စိတ်မယုတ်ဘဲ
ထိုလည်းမကျ ဒေလည်းမကျ
ဘ၀မသိ သတိမရ
ရခိုင်စိတ်မ၀င် ကြင်ဖော်မဖြစ်
အိပ်ငိုက်နီစွာလား။

အသျှင်နားထောင်နီရေ ကြည့်နီရေ။
အသျှင်ကြားချင် မြင်ရချင်ရေ
စိုပြီသာယာ ငါရို့ရခိုင်မြီ
ဖြစ်ရပါစီ အဆွီရို့။
………………….
မူရင်းစာဆို သန္တာမောင်မောင် (ရခိုင်ပြည်) ဆိုကေ နာမည်နန့် blog တခုကမြန်မာဘာသာနန့်ရစွာကို ရခိုင်ဘာသာသို့ပြန်ထားပါသည်။

Read More...

Sunday, September 20, 2009

လမ်းပြအသျှင် ...

ရောင့်ရဲ စွန့်လွှတ်ဝံ့သ
ူအလင်းမာ ကကြင်းလင်း
အမှောင်ထဲ ဝင်းပသူ
အများတွက် စတေး
ကိုယ့်အတွက် အကြွင်းမဲ့
လွတ်လပ်မှုမာ ရှုပျော်သူ...။

အမှန်တရား လိုက်ရှာ
နိရက်တိုင်း မရပ်မနား
မမောမပန်း မာန်မလျော့ဘဲ
သတိတခုနန့် အသက်ဆက်သ
ူကြွီလွင့်ချိန် ရောက်လတ်ခ
အများရင်ထဲ စွမ်းသလောက်
လက်ညိုးထိုး လမ်းပြပနာ
မိန့်မဖျောက်ဖို့ အခွင့်အရေး
မီးမှောင်းထိုး ညွှန်ပြယင်း
အဝီးဆုံးသို့ ထွက်ခွါလားသူ...။

ရင်ခွင်ထဲ နှလုံးအိမ်ထိ
လွှမ်းမိုး ခြုံလှုံထားရေအရိပ်တခုပိုင်
အနားနား လာပနာ
ခြောက်လှန့်တုန်းမိန့်လျော့
သတိပေါ့နီသူတိပြန်နိုးထဖို့
တခါပြန်သက်ဝင်
ရှင်သန်ထမြောက် လင်းလက်ဖို့
အဂု ထက်ထိ ကိန်းအောင်းတုန်း
မျှော်ကိုးယုံကြည်ပါရေ အသျှင်....။

မှတ်ချက်။ ။ (၉)ရက်နိ စတင်ဘာ အမှတ်တရ အသျှင်ဦးဥတ္တမအား တတ်စွမ်းသလောက် ဂုဏ်ပြုရီးသားပါရေ။
ကျေးဇူးဘာ။
ပိုင်သျှေ

Read More...

Sunday, September 13, 2009

ဆရာတော်အား ပန်ကြားခြင်း
-----------------------------

ဆရာတော်ကို မသီခင်က
ခွီးပုတ်လောက်ကျ ပြောကတ်ပြီးမှ
အခု ငိုပြနီကတ်တေ --။

ဘုန်းကြီးဆိုဝါ နိုင်ငံရေးနန့်
ပဇာဆိုင်လဲ ကဲ့ရဲ့ကတ်ပြီး
အခုမှ ချီကျူးနီကတ်တေ --။

နိုင်ငံရေးလုပ်ချင်ကေ
စစ်တွေကိုမလာကဲ့
မြန်မာပြည်သို့လား
နှင်ထုတ်ထားပြီးမှ
အခု ကြီးရုပ်ထုလို့ ကိုးကွယ်ကတ်တေ --။

သံဝေဂရဖို့ကောင်းပါရေဆရာတော်
နိုင်ငံတကာ ပြည်မြန်မာကို
ချောင်းပေါက်အောင်လားလို့
အာပေါက်အောင် တရားဝှေါပြီးခါမှ
ညောင်ကုန်းကျောင်းနားက အမှိုက်ပုံဘေးမှာ
ဒုံးပေါက်ဆောက်လို့ သီရပါရေ --။

တမလွန်ဘ၀မှာ
အသက်ရှင်လို့ဟိနီသိမ့်ကေ
အေရခိုင်သားအဆွီးတိကို
တခေါက်ပြန်လာလို့
ဆုံးမခလိုက်ပါ ဆရာတော် --။

...............
(သာလှဦး)

Read More...

Monday, September 7, 2009

ရခိုင့် ဖယောင်းတိုင်

ငါ၏ ခန္ဒာ
အပှုလောင်လေ့
ငါ၏ အမျိုး
အလင်းရဖို့
ငါ ၀ံ့စားရဲခသည်.........။

ငါ၏ စိတ်ဓာတ်
ငါ့ သတ္တိကို
ကမ္ဘာသိဖို့
ငါ၏ ကိုယ်ကျိုး
ငါ စွန့်လွတ်ရဲခသည်......။

ငါ၏ အဖပြည်
ငါ့လှု၊ ငါ့အမျိုး
ပြည်လည်နှိုးဖို့
ခတတ်ခေါက်လို့
ငါ နှိုးဆော် ၀ံ့ခသည်။

ငါ၏ သတ္တိ
ရခိုင်သွီးကို
သက်သီတည်လို့
မော်မကြည့်ဝံ့ရေ
အင်္ဂလိပ်ကို
ငါ နှင်ထုတ်ဝံ့ခသည်။

ငါ၏ အဓိဌာန်
ယုံကြည်မှုကို
ဇြမ်းဘွတ်ကိုင်လို့
ငါ ပြည်၊ငါမျိုး
အလင်းရဖို့
ငါ အလောင်ခံခသည်။

...................
မှတ်ချက်။ ။ဆရာတော်ဦးဥတ္တမနိန့် အတွက် အမှတ်တရ ရွီးစပ်သည်။

အေးမောင်(ရင်အုံတော်ဓာတ်)
၀၇၊၀၉၊၂၀၀၉

Read More...

အို .........အသျှင်

အာသျှ ၏ နီဝန်း
ဝံ့စားရဲသူ...........
မဟာ သတ္တိ အသျှင်

အကျွန်

တိုက်ပွဲပြန်လည်စရန်
ဓားတစ်ချောင်..........
ပီးသနားပါ.................။

နီ နန့် လ ၏
သူရဲကောင်း.........
စွန့်စား၊ မွေ့လျော်သူ အသျှင်

အကျွန်

နားထောင်တတ်ရန်
မဟာဂရုတော်နှင့်..........
ဆုံးမ ပီးပါ................။

အာဂ သတ္တိသျှင်
မော်မကြည့်ဝံ့ လူကိုတောင်.......
နှင်ထုတ်ဝံ့ရေ အသျှင်

အကျွန့်

ကြောက်မွီးတိကို
တပင်လေ့ မကျန်အောင်........
ှုနှုတ်ပီး ပါ................။
ှ
......................................
မှတ်ချက်။ ။ ဆရာတော်ဦဥတ္တမ နိန့် အမှတ်တရ ရွီးဖွဲ့သည်။


အေးမောင်(ရင်အုံတော်ဓာတ်)
၀၇၊၀၉၊၂၀၀၉

Read More...

Sunday, September 6, 2009

အာယှနီဝန်း အသျှင်ဦးဥတ္တမသို့

အာယှနီဝန်း အသျှင်ဦးဥတ္တမသို့
........................

အမျိုးသားစစ် သွီးနီစစ်လျှက်
မျိုးချစ်တက်ကြွ ဥိးဥတ္တမကား
နယ်ချဲ့မိစ္ဆာ မျိုးမဟာကို
ဟိဆောင်လမ်းပြ ငါရို့တိုင်းပြည်က
ကျွန်မှရုံးကန် တော်လှန်ခဗျာလ်။
မျိုးချစ်တက်ကြွ ဟိကတ်လီအောင်
မျိုးရခိုင်ကို နိုးဆောင်ပီးခ
ကျွန်ဘဝမှ လွတ်မြောက်ဖို့ရေး
ဟိဆောင်လမ်းပြ အိုအသျှင်။

အိုအသျှင်
အသျှင်မေတ္တာ လစန္ဒာပိုင်
ဘဝတစ်ပါး ပြောင်းလွဲလားလည်း
အသျှင့်ရာဇဝင် တည်ဟိသည်ကို
ရခိုင်သာမက ကမ္ဘာကသိ၏
ချစ်သည့်မေတ္တာ မျိုးဘာသာတွက်
ငြိမ်း၏ချမ်း၏ တရားဟော၏
ငါရို့ကမ္ဘာတိဟိ ငါရို့တိသိ၏
ငြိမ်းချမ်းရေးတွက် တရားဟော၏
အသျှင်ဟောခ ငြိမ်းချမ်းရေးကို
ရခိုင်သားဝယ် ရင်ဝယ်ပိုက်ကာ
အသျှင်လုံးလ အတုယူ၍
ကျွန်ဘဝမှ လွတ်မြောက်ေ၇းတွက်
ကြိုးစားဆဲပါ အိုအသျှင်။

..................

၂၀၀၉ ခုနှစ်ကျရောက်သော ၇၀ နှစ်မြောက် အရှင်အာရှ တစ်ခုလုံးတွက် အကြမ်းမဘက် အနုနည်းနဲ့ နိုင်ငံတော်၏ လွတ်လပ်ရေးကို အလှူခံခဲ့သော အာဇနည် အရှင်ဦးဥတ္တမအား စတင်ဘာလ (၉)ရက်နေ့ ကျရောက်သော ၇၀ နှစ်မြောက် အထိမ်းအမှတ်ဖြင့် တပည့်တော် ရိုသေဂါရဝပြုပါ၏အရှင် ။

ထာဝရသီရိ

ပေါက်တောရွီမြီ

http://thavarathiri.blogspot.com/

Read More...

အလင်းသျှင်သို့တမ်းတခြင်း

အလင်းသျှင်သို့တမ်းတခြင်း
............................

ငါရွီးရေစာ ငါ့ကဗျာကို၊
ကဗျာမဟုတ် စာမဟုတ်ပဲ၊
အလုပ်အပို ဆိုချင်ဆိုဖိ။
ရခိုင်ဆိုရေ အသိငါ့မှာဟိလို့၊
တစိသျှေလောက် နောက်ကြောင်းကောက်ဗျာယ်၊
ဖောက်သီချပနာ ရွီးလိုက်ပါယင့်။

သမိုင်းစာမျက်နှာ မှတ်တမ်းလွှာကို
လှမ်ပနာသုံးသပ် ကြည့်ရှုဂတ်ကေ၊
အမှတ်စရာ မြင်ဂတ်ပါဖို့။
မြန်ပြည်တစ်ခုလုံး ထီးနန်းသုန်းဗျာယ်၊
မှောက်ဖုန်းကျရောက် နယ်ချဲ့အောက်က၊
လွတ်မြောက်ဖို့ရန် စိတ်ဇွဲမာန်ဖြင့်၊
အမှန်ကိုထောက်ဆ အလင်းပြခရေ၊
အာဂဇာနီမျိုးသာကီမှာ၊ရွှီမြီဓည ပြည်ရက္ခက၊
နာမတင်ခ ဦးဥတ္တမလေ။

အင်္ဂလိပ် ဟိန္ဒီ များစာပီနှင့်
အလီလီဘာသန္တရ စွယ်စုံရ၍၊
ကမ္ဘာတခွင် ခရီးနှင်းဗျာယ်၊
တိုင်ပင်ဆွေးနွှေးမှုရအောင်ပြုပနာ၊
ပြည်သူ့အတွက်ခံယူချက်ဖြင့်၊
ဆောင်ရွက်ခစွာ ထိုသူ့မှာကား၊
ကမ္ဘာမှာထင်ရှား ရခိုင်သားလို့၊
အားလုံးကသိလီယင့်။

သတ္တိဗျတ္တိ၊သူ့မှာဟိ၍
အမိနိုင်ငံ၊လွတ်မြောက်ရန်အတွက်
အမှန်ကိုဖေါ်ထုတ်၊နောက်မဆုတ်ပဲ
အလုပ်ဖြင့်သက်သီ၊ ပြခလီယင့်။
အကျဉ်းထောင်ဆိုစွာ ၊ သူ့ဘဝမှာလျှင်
နီရာကျောင်းတော် ၊ ခေါ်ချင်ခေါ်ဖိ။
အဝတ်ဖြူဆိုစွာ ၊ သူ့ဘဝမှာလျှင်
ဝတ်စရာုသင်္ကန်း၊ စိတ်မှာမှန်းဗျာယ်
ဆင်မြန်းဝတ်ရုံခပါယင့်။
အကြိမ်ကြိမ်အခေါက်ခေါက် ၊ ထောင်သို့ရောက်လည်း
မကြောက်မရွံ့၊ ခရီးဆန့်ဗျယ်
တက်လှန့်ချီတက် ၊ ရှိသို့ဆက်လို့
အသက်ကိုပင်ပီးဝံ့သူ။

သြော်-------------
သူ၏ဂုဏ်ကို၊ စာဖွဲ့ဆိုကေ
ထုံဖွဲ့စရာ ၊ မကုန်ပါ၍
ညွှန်စရာကိုသာ ၊ပြချင်ပါရေ
သူ့မှာသမိုင်းဟိလီယင့်။
ဒေနိန့်အခါ ----------
ကျေးဇူးမသိ ၊ မိစ္ဆာတိက
သူ၏သမိုင်း ၊ ဘဝလှိုင်းကို
ရိုင်းစိုင်းနှိမ့်ချ ၊ အမှောင်ကျအောင်
နောက်ကလုပ်ဆောင်နီဗျာယ်ထော။
သူ့ပိုင်အာဇာနီ ၊ မျိုးသာကီမှာ
ရွှီမြီမဏ္ဍိုင် ၊ ပြည်ရက္ခိုင်မှာ
ဂုတိုင်မပေါ်ပေါက်ခပါသိမ့်။

သြော်--------------
မျော်လင့်ကြီးစွာ ၊ စောင့်နီပါယင့်
ဂုခါရက္ခိုင်၊ ပြည်မဏ္ဍိုင်မှာ
သူ့ပိုင်ပေါ်ပေါက်ပါစီလို့။
..................

(မှတ်ချက်။ ။ http://thavarathiri.blogspot.com/ ဘလော့ဂ် ကကူးယူဖော်ပြထားပါရေ)

Read More...

အသျှင်ဥတ္တမသို့

အ-ရှေ့က နိန်ဝန်းထွက်ရေပိုင်
‘အာယှ’တစ်ခွင်ကို အလင်းရောင်ပီးလို့
‘အာယှ နိန်ဝန်း’ လို့
တင်စားခံရရေသူ။

သျှင်-တော်ဗုဒ္ဓကြွရောက်ခပနာ
ဗျာဒိတ်တော်ထားလို့
ဗုဒ္ဓကိုယ်ပွားတော်စံပျော်ကိန်းဝပ်ရာ
ၿပည္ရကၡာမွာ မြီးဖြားခေရသူ။

ဥ-တုဂီမန္တမှာ ဖနပ်မပါထီးဗလာနန့်
သောက်ရီနတ္ထိ၊ ခိုစရာမဟိဖြစ်နိန်ရေ
ပြည်သူတိအတွက်
အသက်ကိုစတေးပနာ
ခို၊သောက်၊နားရာ အရိပ်ဆာယာကို
ပီးဆောင်ခရေသူ။

ဥတ်-(အုတ်)တချပ်သဲတပွင့်လောက်
တိုင်းပြည်အတွက်ခအကျိုးပြုရေလူတိထက်
အဆပေါင်းမျာစွာသာခဂေလေ့
မျက်ကွယ်ပြုထားခြင်းကို ခံနိန်ရရေသူ။

တ-စ်ကောင်ကိုလည်းမကြောက်
ခြသီင်္းဟောကတေပိုင်သံနန့်
“အဝေ..ဂရက်ဒေါက်!
ငါ့ ရို့ပြည်က အဂုထွက်လားလီ” လို့
နှင့်ထုတ်ဝံ့ခရေသူ။

မ-တရားအုပ်ချုပ်မှုကို
ခေါင်းငုံ့မခံ ဇာတိမာန်နန့်
ကိုလိုနီကျွန်ဘဝက
လွတ်မြောက်ရအောင်
အသက်ကိုပီးလို့
လွတ်လပ်ရေးမီးယှူးတိုင်ကို
ထွန်းညှိခရေသူ။

သို့-သော်…..
အသျှင်ထွန်းညှိပီးခရေ မီးကိုသုံးပနာ
အခြားလူတိ တိုက်တာတိနန့်
နိန်နိုင်ဂတ်ကေလေ့
အသျှင်မွီးရာ ပြည်ရက္ခာမာ
စားစရာမဟိ နိန်စရာနတ္ထိ
အဂုအထိ..
ငရဲအတိပိုင်ဗျာယ် “အသျှင်”။

-------------
ကျောက်ဖြူ-လွှမ်းမိုးခိုင်
http://todayarakan.blogspot.com/

Read More...

ဦးဥတ္တမ
.............

ဦး-စွာပထမ ကျွန်ဘဝက
လွတ်မြောက်လီအောင် စွမ်းဆောင်ညွှန်ပြ
ဟောပြခလီ အာဇာနီကား
‘The Light of Asia’ ဟု
နာမတွင်ရ ဦးဥတ္တမ။

ဥ-တုရာသီ ပြောင်းလားလီလေ့
အသျှင့်သတင်း ကျော်ဇောခြင်းကား
ရိုးတောင်ထိပ်က သဇင်ရနံ့ပိုင်
သင်းပြန့်ကြိုင်မြဲ မွီးနိန်ဆဲးပါ။

တ္တ -စ်ခွန်းချေမျှ မဟဝံ့ဘဲ
နှုတ်ပိတ်နိန်ရာ ယင်းချိန်ခါက
”အဝေ…ဂရက်ဒေါက် ငါ့ရို့ပြည်သား
မင်းကားမဟုတ် အဂုထွက်လားလီ”ဟု
ရဲဝံ့စွာနန့် ပြောဝံ့ဆိုဝံ့
နှင်ထုတ်ဝံ့ခ ဦးဥတ္တမ။

မ-ဟုတ်မခံ ဇာတိမာန်နန့်
ပြည်သူအများ ကျွန်ဘဝက
လွတ်မြောက်လားအောင် အသက်သွီးကို
ပီးဆပ်ပါခ ”ဦးဥတ္တမ“ကို
ရိုကျိုးဂါရဝါ ဒေကဗျာနန့်
ဦးညွတ်ပါယင့် ဦးညွတ်ယင့်။

............
ကျောက်ဖြူ- လွမ်းမိုးခိုင်
၁၁-၁၂-၀၈


http://todayarakan.blogspot.com/

Read More...

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP