အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။

Saturday, January 2, 2010

ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခဲ့သည့်နှစ် အထိမ်အမှတ် ကျင်းပ

ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခဲ့သည့်နှစ် အထိမ်အမှတ် ကျင်းပ

Read More...

၂၂၅ နှစ်မြောက် ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးသည့် အခမ်းအနား နော်ဝေတွင် ကျင်းပ 1/1/2010

1/1/2010

၂၂၅ နှစ်မြောက် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးသည့်နေ့ အခမ်းအနား ကို ရခိုင်လူမျိုးများက စုပေါင်းပြီး နော်ဝေ နိုင်ငံ၏ ဒုတိယမြို့တော် Bergen မြို့ တွင် ကျင်းပခဲ့သည်။

ဦးဆောင် ကျင်းပရာတွင် ပါဝင်သူ တဦး ဖြစ်သူ ကိုအောင်မင်းစိုးက “အခမ်းအနားကို အဲဒီမြို့မှာရှိတဲ့
Rafto Humanright House မှာ နံနက် ၁၁ နာရီက နေ့လည် ၂ နာရီထိ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အခမ်းအနားကို ရခိုင်အမျိုးသားတွေ သာမက တခြား မြန်မာတိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ စုစုပေါင်း အင်အား ၆၀ ကျော်ရှိပါတယ်” ဟု ပြောသည်။

အခမ်းအနားကို ရခိုင့် နိုင်ငံတော်သီခြင်းကို သံပြိုင် သီဆိုပြီး ဖွင့်လှစ်ခဲ့ကြပြီး ၎င်းနောက်ပိုင်း ခေတ်အဆက်ဆက် ရခိုင် တော်လှန်ရေး အတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော ရခိုင့် တော်လှန်ရေး အာဇာနည် ခေါင်းဆောင်များကို တစ်မိနစ်ခန့် ငြိမ်သက်စွာ ဦးညွတ် အလေးပြုခဲ့ကြသည်။

အခမ်းအနား သဘာပတိအဖွဲ့ ဝင်တစ်ဦးဖြစ်သူ ရခိုင်သမိုင်း သုတေသီ ဦးခိုင်မင်းမောင်က ရခိုင်ပြည်၏ နောက်ဆုံး မင်းဆက်ဖြစ်သော မဟာသမ္မတ ရာဇာမင်းလက် ထက်တွင် ဗမာ ဘုရင်မောင်ဝိုင်း၏ စစ်တပ်မှ စစ်ကြေညာခြင်း မရှိဘဲ ၀င်ရောက် ကျူးကျော် သိမ်းပိုက်ခဲ့ သဖြင့် ရခိုင်လူမျိုးတို့ သူ့ကျွန်ဘ၀ ကျရောက်ရပုံနှင့် ဗမာ ကိုလိုနီဘ၀မှ လွတ်မြောက်အောင် ရခိုင်လူမျိုး အဆက်ဆက်တို့မှ မည်သို့ မည်ပုံ ပြန်လည် ခုခံ တိုက်ခိုက် ခြဲ့ကပုံတို့ ကို တက်ရောက်လာသူများကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့ နောက် အခမ်းအနားစီစဉ်သူတစ်ဦးဖြစ်သော ကိုသန်းထွန်းမှ ၂၂၅ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးသည့်နေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး၊ ကိုမျိုးဆွေမှ သူဖြတ်သန်းခဲ့ရသော ရခိုင့် တော်လှန်ရေး အတွေ့ အကြုံများကို ပြောကြားခဲ့သည်။

အခမ်းအနားစီစဉ်သူ နောက်တစ်ဦး ဖြစ်သူ ခိုင်ထွန်းထွန်းမှ ဗမာ ကိုယ်လိုနီအောက် ရခိုင့်လူနေမှု ဘ၀ အခြေအနေများကို ဓာတ်ပုံများတကွ ရှင်းပြောကြားခဲ့ရာ တက်ရောက် လာကြသော ဧည့်ပုရိတ်သတ်များက အထူးစိတ်ဝင်တစား အားပေးကြည်ရှု့ခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားတွင် ဓာတ်ပုံပြပွဲ တခုကိုလည်း ရခိုင့်ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်ကဏ္ဍ၊ ယနေ့ ခေတ် ရခိုင့် လူနေမှု ဘ၀ကဏ္ဍ စသဖြင့် အခန်းကဏ္ဍများဖြင့် ဝေေ၀ဆာဆာ ပြသခဲ့ရာ တက်ရောက် လာသောဧည့်သည်များက အထူး စိတ်ဝင်တစား ကြည့်ရှု့ အားပေး ခဲ့ကြသည် ဟုသိရသည်။

အခမ်းအနား အပြီးတွင်တက်ရောက် လာသော ဧည့်ပရိတ်သတ်များကို ရခိုင်ရိုးရာ မုန့် တီဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

Read More...

ထိုင်းနိုင်ငံ အုန်းပြန့် ဒုက္ခသည် စခန်းတွင် ၂၂၅ နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံ ကျဆုံးနေ့ အခမ်းအနား ကျင်းပ

1/1/2010

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် စခန်း အုန်းပြန့်တွင် ၂၂၅ နှစ်မြောက် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အချာ အာဏာ ကျဆုံးသည့်နေ့ အောက်မေ့ဖွယ် အခမ်းအနား တရပ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးသည့် ဒီဇင်္ဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရဟန်းတော်များ အပါအ၀င် လူပေါင်း ၈၀ တက်ရောက် ခဲ့သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူ ရဟန်းတော် ကန္ဓကမှ အဖွင့် မိန့်ခွန်းစကားပြောကြားပြီး ဒါရိုက်တာ ဦးအနောင်မှ ရခိုင် ဘုရင့် နိုင်ငံတော် အချုပ်အချာ အာဏာ ကျဆုံးရခြင်းနှင့် ပတ်သက်ပြီး ဆက်လက် ပြောကြားသည်။

အခမ်းအနားကို စီစဉ်ရာတွင် ပါဝင် သူတဦးဖြစ်သူ ကိုစောထွန်းမှ တက်ရောက်လာသူများအား ယခုကဲ့သို့ ပြောသည်။

“ ရခိုင်ဘုရင်နိုင်ငံတော်ကျဆုံးရတာဟာ ရခိုင်ပညာရှိ ဦးမြ၀ါရဲ့ စကားကြီးသုံးခွန်ကို မေ့လျော့သွားခဲ့ကြတဲ့ အတွက် ဖြစ်ပါတယ်။ ဦးမြ၀ါက “ ပါးစပ်ကပျား၊ ၀မ်းကမျှားကဲ့သို့ လူတွေကို သတိထားပါ။” “ဘုရားနားမှာ ညောင်ပင် ကြတ်သကဲ့သို့ ကြတ်တဲ့ လူတွေကို သတိပြုပါ။” “ ကိုယ်ထက်သာရင် မနာလိုတဲ့ လူတွေကို ရှောင်ပါ။” ဆိုပြီး စကား သုံးခွန်ကို ပြောသွားခဲ့ပါတယ်။ ခုလို လူတွေကို အနားမှာထားပြီး သူကောင်း ပြုခဲ့တဲ့အတွက် ရခိုင်နိုင်ငံတော်ဟာ ခုလို ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။”

အခမ်းအနားကို နေ့လည် ၁၂ နာရီမှ စတင်ပြီး ညနေ ၂ နာရီခွဲတွင် အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

Read More...

ဆုံးရှံးနေသော ရခိုင်ပြည်၏ မူလအခွင့်အရေးကို ပြန်လည်ရရှိရေး ဒိန်းမတ်ရောက် ရခိုင်အမျိုးသားများက တောင်းဆို

1/1/2010

ဒိန်းမတ်နိင်ငံရောက် ရခိုင်အမျိုးသားများက ဆုံးရှုံးနေသော ရခိုင်ပြည်၏ မူလ အခွင့်အရေး ပြန်လည် ရရှိရေးကို တောင်းဆို လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တောင်းဆိုမူကို ဒီဇင်္ဘာလ ၃၁ ရက်နေ့က ဒိန်းမတ်နိုင်ငံ ဘိုဟွန်းကျွန်းရောမြို့တွင် ပြုလုပ်သော ၂၂၅ နှစ်မြောက် ရခိုင့် ဘုရင်နိုင်ငံတော် ကျဆုံးခဲ့ရသည့်နေ့ အခမ်းအနားတွင် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ရခိုင်ဝံသာနုစာပေအသင်းမှ ကြီးမှူး ကျင်းပခဲ့ပြီး အသင်းမှနာယက ဦးခိုင်မျိုးထွန်းမှ ရခိုင်ပြည်၏ လက်ရှိ အခြေအနေကို ရှင်းလင်းပြောကြားပြီးနောက် အဆိုပါ အချက်နှင့် တခြား တောင်းဆိုချက်(၆)ချက်ကို ရခိုင် လူမျိုးများ ကိုယ်စား နအဖ စစ်အစိုးရအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တခြားတောင်းဆိုချက် (၆) ချက်မှာ ရခိုင်ပြည်၌ စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖေါက်မှု အမျိုးမျိုးအား ရပ်တန့်ရန်၊ ဥပဒေမဲ့ ဖမ်းဆီး ထားသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်း သားများ အားလုံးကို ခြွင်းချက် မရှိအမြန်ဆုံးပြန်လွတ်ပေးရန်၊ ရခိုင်ပြည်မှ အဓမ္မ လုယူထားသော ရခိုင်ယဉ်ကျေးမူ ဆိုင်ရာ အမွေအနှစ် ရုပ်ဝတ္တုပစ္စည်းများကို ပြန်လည် ပေးအပ်ရန်၊ စစ်အစိုးရ၏ မတရား ရေးဆွဲထားသော အခြေခံ ဥပဒေနှင့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဖျက်သိမ်းပေးရန်၊ ရခိုင်ပြည်တွင် သဘာဝဓါတ်ငွေ့ ထုတ်လုပ်နေသော ကုမ္မဏီများကို အမြန်ဆုံး ရုပ်သိမ်း ပေးရန်၊ ယ္ခုကြုံတွေ့နေရသော နိုင်ငံရေး အကြပ်အတည်းများ ဖြေရှင်းရန် အတွက်သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ပေးရန် တို့ဖြစ်သည်။

အခမ်းအနားသို့ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ဒိန်းမတ်)မှ ကိုယ်စား လှယ်များ၊ ဒိန်းမတ်နိုင်ငံရှိ
( NGO )များမှ ကိုယ်စားလှယ် များနှင့် တခြားတိုင်းရင်းသားများ စုစုပေါင်း အင်အား ၁၀၀ကျော် တက်ရောက် ခဲ့သည်။

အခမ်းအနားတွင် တိုင်းရင်းသား ကိုယ်စားလှယ်များမှ သဝဏ်လွှာများ ဖတ်ကြားပြီး နံနက်ပိုင်းမှ စတင်ခဲ့သော အခမ်းအနားကို ဒိန်မတ် စံတော်ချိန် နေ့လည် ၃နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
http://www.narinjara.com/detailsbur.asp?id=2236

Read More...

Tuesday, December 29, 2009

ဆရာတော် ဦးဥတ္တမ နှစ် (၁၃၀) ပြည့် မွေးနေ့အခမ်းအနား ကျင်းပ

ဆရာတော် ဦးဥတ္တမ နှစ် (၁၃၀) ပြည့် မွေးနေ့အခမ်းအနား ကျင်းပ

Type the rest of your post here.

Read More...

ရခိုင် ဘုရင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးနေ့ အခမ်းအနား ဂျပန်တွင် ကျင်းပ

12/27/2009

၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော ၂၂၅ နှစ်မြောက် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့ အခမ်းအနားကို ဒီဇင်္ဘာလ ၂၇ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) လူငယ်အဖွဲ့မှ ဦးဆောင် ကျင်းပခဲ့သည်။

၂၂၅ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခဲ့ရသောနေ့မှာ ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဖြစ်သော်လည်း ဒီဇင်္ဘာလ ၂၇ ရက်နေ့မှာ ရုံးပိတ်ရက်ဖြစ်သဖြင့် စောစီးစွာ ကျင်းပရခြင်း ဖြစ်သည်ဟု သိရသည်။


အခမ်းအနားကို ရခိုင် ဘုရင်နိုင်ငံတော် အလံနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အလံတော်ကို အလေးပြု ဖွင့်လှစ်ခဲ့ပြီး ၎င်းနောက်ပိုင်း ရခိုင်နိုင်ငံတော် အတွက် အသက်ပေးလှူသွားကြသော ရခိုင်တော်လှန်ရေး ခေါင်းဆောင်များအား အလေးပြုကြသည်။

ထို့နောက် ခေတ်အဆက်ဆက် ရခိုင်ပြည် လွတ်မြောက်ရေး အတွက် အသက် ပေးလှူသွားကြသော ရဟန်း ရှင်လူ ပြည်သူ များအား ရည်စူး၍ (၁)မိနစ်ခန့် ဆုတောင်း မေတ္တာပို့ခဲ့ကြသည်။ အခမ်းအနားတွင် ရခိုင် အမျိုးသား သီချင်းကိုလည်း သီဆိုခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) ဥက္ကဋ္ဌ ဦးလှအေးမောင်နှင့် ဒုဥက္ကဋ္ဌ ဦးထွန်းအောင်ခင်တို့မှ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် အထွေထွေ အတွင်းရေးမှုး ဦးပေါ်ထွန်းအောင်က ဆောင်ရွက်သည်။

အခမ်းအနားတွင် သဘာပတိ ဦးလှအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းခိုင်တို့မှ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးရသည့်နေ့အား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး အမှာစကားပြောကြားကြပြီး၊ ရခိုင် ဒီမိုကရေစီအဖွဲ.ချုပ်(ပြည်ပ-ဂျပန်) တွဲဖက် အထွေထွေ အတွင်းရေးမှုး(၁) ဦးကျော်သန်းလှိုင်မှ ခေတ်အဆက်ဆက် ရခိုင်သမိုင်းနှင့် အချင်းချင်း ညီညွတ်မှုမရှိ၍ ရခိုင်လူမျိုး ကျွန်ဘ၀ ကျရောက် ရပုံကို အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။

ထိုနောက် တက်ရောက်လာာကသော တိုင်းရင်းသားခေါင်ဆောင်များနှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များက မိမိတို့ခံစားချက် အသီး သီးကို ပြောကြားကြသည်။

အခမ်းအနား ကျင်းပရခြင်းကို ရည်ရွယ်ကို ရခိုင်ဒီမိုကရေစီအဖွဲ.ချုပ်(ပြည်ပ-ဂျပန်) တွဲဖက်အထွေထွေအတွင်းရေးမှုး(၁) ဦးကျော်သန်းလှိုင်မှ ယခုကဲ့သို့ ပြောသည်။

“ ဒီအခမ်းအနားကို ဂျပန်မှာ ကျင်းပတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင် ဘုရင့်နိုင်ငံတော်ဟာ ဘီစီ ၃၃၂၅ ကနေ အေဒီ ၁၇၈၄ ခုနှစ်ထိ နှစ်ပေါင်း ၅၀၀၀ ကျော်တည်တံ့ခဲ့ပါတယ်။ အဲသလို ကိုယ့်မင်း ကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့ တိုင်းပြည် တပြည်ဖြစ်ခဲ့တဲ့ ရခိုင်ပြည် သမိုင်းကို ဂျပန်ရောက် ရခိုင်များသိရှိစေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပီးရင် အချင်းချင်း စည်းလုံးမှု ပြိုကွဲခဲ့တဲ့ အတွက် သူတပါးကျွန် ဖြစ်ခဲ့ရတဲ့ သမိုင်းသင်ခန်းစာကို ယူပြီး လက်ရှိ ရခိုင်အမျိုးသားတွေ စည်းလုံး ညီညွတ်ဖို့ လိုတယ်ဆိုတာကို သိရှိစေလိုတဲ့ အတွက် ခုလို အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်။”

အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များနှင့် တခြား ဖိတ်ကြားထားသူ ၆၀ ခန့်တက်ရောက်ခဲ့သည်။

ရခိုင်ပြည်သည် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ မတိုင်မှီထိ ကိုယ့်မင်းကိုယ်ချင်းနှင့် လွတ်လပ်သော ဘုရင့်နိုင်ငံတော် တခုဖြစ်ပြီး ဗမာဘုရင် ဘိုးတော်ဘုရားမှ ၀င်ရောက် သိမ်းပိုက်မူကြောင့် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ စနေနေ့တွင် ဗမာတို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။

ဗမာဘုရင်သည် ရခိုင် မင်းနေပြည်တော် မြောက်ဦးကို သိမ်းပိုက်ပြီးနောက် မြောက်ဦး နန်းတော်ကို မီးရှို့ကာ ရခိုင် ဘုရင် မဟာ သမ္မတ ရာဇာနှင့် မိဖုရား ဆွေမျိုး မူးမတ် ပညာရှိများအားလုံးကို ဖမ်းဆီးပြီး အမရပူရသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်မှ စပြီး ရခိုင်တို့၏ မင်းဆက် ပြတ်တောက်သွားကာ သူတပါးကျွန်အဖြစ်ဖြင့် နှစ်ပေါင်း ၂၂၅ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

narinjara

Read More...

ဦးဥတ္တမ နှစ် ၁၃၀ ပြည့်နေ့ ပြည်တွင်း ပြည်ပတွင် ကျင်းပ

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ၏ နှစ် ၁၃၀ ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ရှိ တောကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပ ခဲ့သည်။

ကိုလိုနီခေတ် မြန်မာပြည်သူများကို နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူ ဆရာတော် ဦးဥတ္တမ

နောင်လာနောက်သား မျိုးဆက်သစ်များ သိရှိစေရန် ဆရာတော်ဦးဥတ္တမ မွေးနေ့ကို စီစဉ်ကျင်းပ ပေးရခြင်း ဖြစ်ကြောင်း သာသာနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်) ဌာနခွဲ၏ ဒါရိုက်တာအဖွဲ့ဝင် အမှတ် ၂ ဆရာတော် အရှင် စန္ဒာဝရက ဧရာဝတီသို့ မိန့်ကြားသည်။

“မြန်မာနိုင်ငံထဲမှာ ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်တာတွေကို စစ်အစိုးရက တတ်နိုင်သမျှ မှေးမှိန်အောင် လုပ်နေတယ်။ အခုခေတ် လူငယ်တွေက ဆရာတော်ဟာ ဘယ်လိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆိုတာကို မသိကြ တော့ဘူး၊ သိခွင့်လည်း မရှိကြတော့ဘူး” ဟု ဆရာတော်က ဆိုသည်။

အခမ်းအနားသို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (ဘင်္ဂလားဒေ့ရှ်) ၏ အတွင်းရေးမှူး ကိုကံမြင့်၊ တသီးပုဂ္ဂလ ဦးဖိုးလှ၊ ရခိုင်အမျိုးသမီး အစည်းအရုံး ဖလောင်းချိတ်မှ ဒေါ်မစိန်ပုတို့ တက်ရောက်ကာ အသီးသီးအမှာစကား ပြောကြားခဲ့ကြပြီး ဦးစောရာဇာက ဆရာတော် ဦးဥတ္တမသီချင်းကို ဂုဏ်ပြုသီဆိုခဲ့ကြောင်း သိရသည်။

အခမ်းအနား ကျင်းပရာတွင် ပါဝင်သူ တဦးဖြစ်သော အမျိုးသားရေး နိုင်နိုင်က “ဆရာတော် ဘုရားကြီးရဲ့ မွေးနေ့ကို မျိုးဆက်သစ်တွေ သိရှိဖို့ရယ်၊ ပြီးတော့ ဆရာတော်ဦးဥတ္တမ မျိုးဆက်သွေးတွေဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက သာသနာ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ရယ် ရည်ရွယ် ကျင်းပတာ ဖြစ်တယ်” ဟု ဆိုသည်။

ဆရာတော်ဦးဥတ္တမ မွေးနေ့ပွဲ အခမ်းအနားတွင် သာသနာ့ဥသျှောင် (ဘင်္ဂလားဒေ့ရှ်) ၏ အတွင်းရေးမှူး ဆရာတော် ဦးရက္ခ၀ံသက နအဖအစိုးရ ကျင်းပရန် စီစဉ်နေသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြေညာခဲ့သည်။

“၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်၊ အခုလို တဇွတ်ထိုး တဘက်သတ် သူတို့ဘာသာ လုပ်ဖို့ စီစဉ်တာဟာ ဦးပဉ္ဇင်းတို့ ပြည်သူတွေကို ထာဝရ ကျွန်ဇာတ်သွင်းဖို့ လုပ်တာမို့လို့ တိုင်းသူ ပြည်သားတရပ်လုံးအနေနဲ့လည်း ဆန့်ကျင်ကြဖို့ မေတ္တာရပ်ခံပါတယ်၊ ပြည်သူ့ ဆန္ဒမပါဘဲ အတင်း အဓမ္မ ရွေးကောက်ပွဲလုပ်မယ့် နအဖ ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ဆရာတော် ဦးရက္ခ၀ံသက ဆိုသည်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင်လည်း ဆရာတော်ဦးဥတ္တမ နှစ် (၁၃၀)မြောက်မွေးနေ့ပွဲကို လျှို့ဝှက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့သည်ဟု သိရသည်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်တွင် ဖခင် ဦးမြ နှင့် မိခင် ဒေါ်အောင်ကျော်တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ရာ အင်္ဂလန်နိုင်ငံတွင် ပညာသင်ယူခွင့် ရခဲ့သော်လည်း မိခင်ကခွင့်မပြုသဖြင့် မသွားရောက်ခဲ့ရပေ။

ဆရာတော် အသက် ၁၆ နှစ်အရွယ်တွင် မိဘများ၏ အစီအစဉ်ဖြင့် ရှင်သာမဏေ ပြုပေးခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ် နှင့်ပင် သွားရောက်ခဲ့စဉ် နိုင်ငံရေး၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့သည်။

ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်းများစွာကို တတ်မြောက်ပြီး အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ ကိုးရီးယား၊ အီဂျစ်၊ ပြင်သစ် စသည့် နိုင်ငံအများအပြားကို ခရီးလှည့်လည်ခဲ့သည်။

၁၉၂၀ ပြည့်နှစ်တွင် ဆရာတော်သည် မြန်မာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ် ခံရသည်။

ဆရာတော်သည် ၁၉၂၄ ခုနှစ် တွင်လည်း “အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့် အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော် ဟောပြောခဲ့သည့် အတွက် ဒုတိယအကြိမ် ထောင် ၃ နှစ် ကျခဲ့ပြီး ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။

ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှ ထွက်သွားပါ” ဟူသည့် စာကို ရေးသားပေးပို့ခဲ့သည်။

ယင်းသို့ ဟောကြားခဲ့သော ရဲရဲတောက် တရားများကြောင့် ဆရာတော်သည် ကိုလိုနီခေတ်တွင် နိုင်ငံရေးအရ ပထမဦးဆုံး ထောင်ချခံခဲ့ရသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် ကိုယ်တိုင်လှည့်လည်ကာ နိုင်ငံရေးတရားဟောသကဲ့သို့ သူရိယသတင်းစာတွင်လည်း နိုင်ငံရေးဆောင်းပါးများ ရေးသားကာ ပြည်သူလူထုကို နိုင်ငံရေးအသိ နိုးကြားလာစေရန် လှုံ့ဆော်ခဲ့သည်။

ဆရာတော်သည် အိမ်နီးချင်းနိုင်ငံများမှ လွတ်လပ်ရေးကြိုးပမ်းသူ မျိုးချစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော တရုတ်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အိန္ဒိယမှ မဟတ္တမ ဂန္ဒီ၊ ၀န်ကြီးချုပ် နေရူးတို့နှင့်ပါ ရင်းနှီးသူ ဖြစ်သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါရှိပြီ ဖြစ်သည်။ ပျံလွန်ချိန်အထိ နယ်ချဲ့ အစိုးရကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ကို အင်္ဂလိပ်ခေတ် မြန်မာ လွှတ်တော်က ဆရာတော် ဦးဥတ္တမနေ့ အဖြစ် သတ်မှတ်ခဲ့သည်။

အာဏာပိုင်တို့သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရွှေတိဂုံ စေတီတော် အနီးရှိ ဦးဥတ္တမပန်းခြံကို ကန်တော်မင် ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဦးဥတ္တမရုပ်တုကို မွမ်းမံမှု မရှိခြင်း၊ ဆရာတော် ရုပ်တုကို အရိုအသေပေးမှုများအား တားမြစ် အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်အား အတုယူလာမည်ကို စစ်အာဏာပိုင် များက စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု အများက ယူဆကြသည်။
VIA

Read More...

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP