1/1/2010

အဆိုပါ တောင်းဆိုမူကို ဒီဇင်္ဘာလ ၃၁ ရက်နေ့က ဒိန်းမတ်နိုင်ငံ ဘိုဟွန်းကျွန်းရောမြို့တွင် ပြုလုပ်သော ၂၂၅ နှစ်မြောက် ရခိုင့် ဘုရင်နိုင်ငံတော် ကျဆုံးခဲ့ရသည့်နေ့ အခမ်းအနားတွင် တောင်းဆို လိုက်ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို ရခိုင်ဝံသာနုစာပေအသင်းမှ ကြီးမှူး ကျင်းပခဲ့ပြီး အသင်းမှနာယက ဦးခိုင်မျိုးထွန်းမှ ရခိုင်ပြည်၏ လက်ရှိ အခြေအနေကို ရှင်းလင်းပြောကြားပြီးနောက် အဆိုပါ အချက်နှင့် တခြား တောင်းဆိုချက်(၆)ချက်ကို ရခိုင် လူမျိုးများ ကိုယ်စား နအဖ စစ်အစိုးရအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ဒိန်းမတ်)မှ ကိုယ်စား လှယ်များ၊ ဒိန်းမတ်နိုင်ငံရှိ( NGO )များမှ ကိုယ်စားလှယ် များနှင့် တခြားတိုင်းရင်းသားများ စုစုပေါင်း အင်အား ၁၀၀ကျော် တက်ရောက် ခဲ့သည်။
အခမ်းအနားတွင် တိုင်းရင်းသား ကိုယ်စားလှယ်များမှ သဝဏ်လွှာများ ဖတ်ကြားပြီး နံနက်ပိုင်းမှ စတင်ခဲ့သော အခမ်းအနားကို ဒိန်မတ် စံတော်ချိန် နေ့လည် ၃နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
http://www.narinjara.com/detailsbur.asp?id=2236
0 comments:
Post a Comment