အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။

Friday, September 11, 2009

ဦးဥတ္တမ အမှတ်တရ ဆုတောင်းပွဲများ တောင်ကုတ်တွင် ပြုလုပ်

ဖိုးဇော်
ဗုဒ္ဓဟူးနိ့၊ စက်တင်ဘာလ 09 ရက် 2009 ခုနှစ် 18 နာရီ 22 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ အာရှတိုက်၏ မီးရှူးတန်ဆောင်အဖြစ် တင်စားခေါ်ဝေါ်ခံရရေဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူရေ နှစ် ၇၀ ပြည့်အေနိန့်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လူငယ်တိက ဘုရားသို့ လားရောက်ကာ ဆုတောင်းပွဲတိပြုလုပ်ခသည်။

တောင်ကုတ်မြို့ ကန်သာယာ (သို့မဟုတ်) စထုံးဖွေးကျေးရွာဟိ စားဝင်ဓာတ်တော်ဘုရားမှာ လူငယ်အများစု ပါဝင်ရေ ဦးရေ ၃၀ ခန့်က ဆရာတော် ဦးဥတ္တမပုံနှင့် အမှတ်တရ စာတမ်းပါရေ တီရှပ်အင်္ကျီတိနန့် အေနိ့ စောစောဖက်မှာ ဆုတောင်းခခြင်း ဖြစ်သည်။

“ဆရာတော် ဦးဥတ္တမနန့် လွတ်လပ်ရေး တိုက်ပွဲမှာ ကျဆုံးခရေ သူရဲကောင်းတိ ကောင်းရာဘုံဘဝ ရောက်ပါစီ။ ဒေါ်အောင်ဆန်းစုကြည်နန့်တကွ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတိ အယင်ပြန်လည် လွတ်မြောက်ပါစီလို့ ဆုတောင်းကတ်ပါရေ” ဟု ဆုတောင်းပွဲတွင် ပါဝင်သူ ဦးတင်သိန်းအောင်က မဇ္စျိမကို ပြောသည်။

ရှိဘက်တွင် ဆရာတော်၏ ပုံတော်နှင့် နောက်ကျောတွင် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် အမှတ်တရလို့ စာတန်းရေးထားရေ ဆင်တူတီရှပ်အင်္ကျီကို ဝတ်ဆင်ပနာ ဆုတောင်းခကတ်ခြင်း ဖြစ်သည်။

''ဆရာတော် ဦးဥတ္တမဆိုစွာ သာသနာ့အာဇာနီ ဖြစ်ရေ။ မြန်မာတမျိုးသားလုံး တိုးတက်ဖို့အတွက် ပြုလုပ်ခရေ ပုဂ္ဂိုလ်။ နောင်တခေတ်မှာ ခေါင်းဆောင်ဖို့ လူငယ်တိကြားထဲမှာ ယင်းပိုင်အသိစိတ်ဓာတ်မျိုး လိုအပ်တေ။ ယင်းပိုင် လိုအပ်ရေ အခြေအနီကြောင့် ကြိုးစားဆောင်ရွက်ရေလို့သိရရေ'' ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့မှာ ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် ရဲတိ၊ စစ်သားတိက စက်ဘီးတိ၊ ဆိုင်ကယ်တိနန့် ညားလာနီရေပိုင်၊ အခုလ ၄ ရက်နိ့မှ စတင်ကာ မြို့ထဲမှာ အာဏာပိုင်တိ ကင်းပုန်းချထားခသည်။

၇ ရက်နိ့တွင် မြို့နယ်တွင်းဟိ ရှေးဟောင်းဘုရား အိုးထိန်းဇာတီနှင့် လူငယ် ၄၀ ခန့်က စောစော ၈ နာရီမှ ၉ နာရီအထိ ဆရာတော်အတွက် ဆုတောင်းပွဲတိ ပြုလုပ်ခသည်ဟု တက်ကြွလှုပ်ယှားသူ လူငယ်တိက ပြောသည်။ ၅ ရက်နိ့ကလည်း မြို့နယ်တွင်းဟိ သွီးကျောက်ရွာဟိ ဘုရားကြီးတွင် လူငယ် ၂၀ ခန့်က ယင်းပိုင် ဆုတောင်းပွဲမျိုး ပြုလုပ်ခသိမ့်သည်။

တောင်ကုတ်မြို့မှ ကိုသိန်းလှိုင်က ''လူငယ် ၂၀ လောက်က တီရှပ်တိ၊ နဖူးစည်းတိဝတ်ပြီး၊ တီရှပ်မှာက ဆရာတော်ဦးဥတ္တမ၏ အမျိုးအစားမတူရေပုံ ၃ ပုံကို စတစ်ကာနန့် လုပ်ထားပြီး ဝတ်ဆင်ရေ။ ဆရာတော်နန့်တကွ ကျဆုံးလာသူတိ ကောင်းရာဘုံဘဝ ရောက်ပါစီ၊ နောက်ပြီးကေ ဒေါ်စုအပါအဝင် နိုင်ငံရေး အကျဉ်းသားတိ လွတ်မြောက်ပါစီလို့ ဆုတောင်းခရေ'' ဟု မဇ္ဈိမကို ပြောသည်။

ထိုနေ့၌ပင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားရေ ဆရာတော်၏ အထုပ္ပတ္တိနှင့် ဓာတ်ပုံ ၃ မျိုးကို အစောင်ရေ ၃၀၀၀ ကူးယူကာ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ စစ်တွေ၊ မာန်အောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တွင် ဖြန့်ဝီခကတ်သည်ဟု သူက ဆိုသည်။

မြို့တော်စစ်တွေတွင် ဆုတောင်းပွဲ လုပ်ဖို့အကြောင်း ကြိုတင်သတင်းပေါက်ကြားလားသဖြင့် ဂနိ့တွင် လုံခြုံရေးတပ်လှန့်ထားပြီး စစ်တွေဟိ ဘုရားကြီးနှင့် စေတီပုထိုးများတွင် ဆုတောင်းပွဲပြုလုပ်ခွင့် ပိတ်ပင်ထားသည်။

ဂနိန့်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ဘုန်းကြီးဆွမ်းကပ်ခြင်းဖြင့် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေပိုင်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလည်း မြန်မာဒုက္ခသည်တိက အခမ်းအနား ပြုလုပ်ခသည်။

ဆရာတော် ဦးဥတ္တမအကြောင်း တစေ့တစောင်း

ဦးဥတ္တမအလောင်းအလျာကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နိ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်ကွက်၌ အဖ ဦးမြ၊ အမိ ဒေါ်အောင်ကျော်သူရို့မှ မွီးဖွားသန့်စင်ခသည်။

သက်တော် ၁၆ နှစ်အရွယ်တွင် ရှင်သာမဏေဖြစ်လာပြီး အိန္ဒိယ၊ ပြင်သစ်၊ ဂျပန်ရို့ကိုပါလားရောက်၍ ပညာဆည်းပူးခသည်။

ဆရာတော်က အင်္ဂလိပ်ဘုရင်ခံ ဂရက်ဒေါက်ကို မြန်မာပြည်မှထွက်လားဟူ၍ သတင်းစာမှတဆင့် တောင်းဆိုခသူ ဖြစ်သည်။

၁၉၂၁ ခုနှစ် မတ်လတွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးရွာတွင် အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေး တရားဟောပြောမှုဖြင့် အဖမ်းခံခရကာ မြန်မာနိုင်ငံတွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပီးခံရသောသူ ဖြစ်သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ်တွင် ပျံလွန်တော်မူခရာ အယင်ကဟိခရေ ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနိ့” အဖြစ် သတ်မှတ်ခရေပိုင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား ခြီတော်ရင်း တောင်ဘက်မုခ်အနီးဟိ ကန်တော်မင်ပန်းခြံကို “ဦးဥတ္တမ ပန်းခြံ” အဖြစ် သတ်မှတ်ပေးခသည်။
http://www.mizzimaburmese.com/news/inside-burma/3767-2009-09-09-12-05-45.html

0 comments:

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP