အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။

Friday, September 11, 2009

ဦးဥတ္တမနိ့ စစ်တွေမှာ လုံခြုံရေးတင်းကျပ်

Thursday, 10 September 2009 16:07 ဘစောတင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညနိန့်ခါက ကျရောက်တေလွတ်လပ်ရေး တိုက်ပွဲဝင် သံဃာတော် တပါးဖြစ်တေ ဆရာတော် ဦးဥတ္တမနိ့ အထိမ်းအမှတ် ကျင်းပခွင့်မ ရကြောင်းနှင့် စစ်အာဏာပိုင်တိက လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

ညနိန့်ခါက ရခိုင်လူမျိုး ဆရာတော်ဦးဥတ္တမ ပျံလွန်ရေ နှစ် ၇၀ ပြည့် အထိမ်းအမှတ်နိ့ကို စစ်တွေမြို့ မှာ အာဏာပိုင်တိက ကျင်းပခွင့် မပီးသောကြောင့် ဘုန်းကြီးကျောင်း တကျောင်း၌ တိတ်တဆိတ် ကျင်းပ ရသည်ဟု စစ်တွေမြို့ဟိလူငယ်တဦးက ဧရာဝတီသို့ ပြောသည်၊

“ကျနော်ရို့ကိုးကွယ်ရေ ဘုန်းကြီးကျောင်း တကျောင်းမှာ ဆရာတော်ဦးဥတ္တမနိ့ အခမ်းအနားကို လျှို့ ဝှက်စွာ လုပ်ခကတ်ပါရေ၊ သူရို့မြင်ကေတော့ခါ ဆွမ်းကပ်ရေနှ၊ အမြင်ကတော့ခါ ရိုးရိုးဘာသာရေးပွဲပါ၊ ယကေလည်း ကျနော် ရို့ ကတော့ခါ သူရို့ခွင့်မပြုစွာကို ကိုယ့်နည်း ကိုယ့်ဟန်နန့် ရအောင်လုပ်ပါရေ၊ ကျနော်ရို့ရှိက လူတိလည်း ယင်းပိုင် နှစ်တိုင်းလုပ်စွာပါ”ဟု ၎င်းက ဆိုသည်။

ယင်းနိန့် စောစောပိုင်းက စစ်တွေမြို့မှာ ဆရာတော် ဦးဥတ္တမနိ့နှင့်ပတ်သက်တေ စာတိကို ဖြန့် ၀ီ ထားသောကြောင့် ယင်းစာတိကို ရဲ တပ်ဖွဲ့ဝင်များက လိုက်လံ သိမ်းဆည်းမှုတ်ဟိခကြောင်း ဒေသခံ မျက်မြင် တဦးက ပြောသည်။

ယင်းအပြင် သံတွဲ၊ ကျောက်ဖြူ ၊ တောင်ကုတ် ၊ မာန်အောင် ၊ ဂွ ၊ ရမ်းဗြဲ ၊ မင်းပြား အစရှိရေ မြို တိမှာ “လွတ်လပ်ရေးမျိုးစေ့ချခသူ ဆရာတော်ဦးဥတ္တမ” ဟူ၍ အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် စာရွီးထားရေ ဓာတ်ပုံတိကို ဖြန့် ဝီခကတ်သည်ဟုလည်း သိရသည်၊

စစ်တွေမြို့ တွင်းဟိ အရေးကြီးနီရာများဖြစ်တေ ဦးဥတ္တမပန်းခြံ၊ လောကနန္ဒာ ဘုရား၊ ဦးရဲကျော်သူကျောင်းနှင့် စစ်တွေတက္ကသိုလ် စသောနီရာများတွင် ယင်းနိန့်က လုံခြုံရေးကို အထူး တင်းကျပ်ထားကြောင်း စစ်တွေ တက္ကသိုလ်မှ ဆရာတဦးက ပြောသည်၊

“ကျောင်းကဆရာတိအားလုံး အသင့်အနီအထားနန့် စောင့်ကတ်ရပါရေ၊ စာသင်ခန်းတိ ကျောင်းဂိတ်တိ ပရိ ၀ုဏ်တခုလုံး လုံခြုံရေးချထားပါရေ၊ ပါမောက္ခချုပ်ပါ အငြိမ်မနီရပါ၊ စစ်တွေမှာ ရဲကားတိ စစ်ကားတိ က လုံခြုံရေး ကင်းလှည့် နီပါရေ”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ်မှာလည်း ဆရာတော်ဦးဥတ္တမနိ့ကို ယင်းနိန့်ကကျင်းပခကြောင်း သိရ သည်။

“ကျနော်ရို့ဘားက လူငယ်တိစွာ ဆရာတော်ပုံပါရေ တီရှပ်အင်္ကျီတိကို ၀တ်ပြီး ဆရာတော်နှင့် တကွလွတ် လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးတိ ကောင်းရာသုဂတိဘုံရောက်ဟိရေး။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းခကတ်ပါရေ”ဟု ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်အောင်သိန်း က ပြောသည်။

ယင်းပိုင်ပြည်တွင်း၌ ဆရာတော် ဦးဥတ္တမနိ့ကို လွတ်လပ်စွာ ကျင်းပခွင့်မရကေလည်း ထိုင်း ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခကြောင်း သိရသည်။

အဆိုပါ ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၇)ရက် တနင်္ဂနွေနိ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်တွင် ဖခင် ဦးမြ နှင့် မိခင် ဒေါ်အောင်ကျော်ရို့မှ မွီးဖွားခပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ် သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခရာ အင်္ဂလန်နိုင်ငံတွင် ပညာသင် ယူခွင့်ရခကေလည်း မိခင်ကခွင့်မပြု သဖြင့် မလားရောက်နိုင်ခပါ။

ဆရာတော် အသက် ၁၆ နှစ်အရွယ်တွင် မိဖတိက သျှင်သာမဏေ ၀တ်ပီးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခသည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် လားရောက်ပညာသင်ယင်း နိုင်ငံရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခခြင်းဖြစ်သည်။

ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်းများစွာကိုတတ်မြောက်ပြီး အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ဟိ ပြင်သစ်နိုင်ငံများ အပါအဝင် အာယှတိုက်မှနိုင်ငံအများ အပြားရို့ကို ခရီးလှည့်လည်ခသည်။

ထိုနောက် ၁၉၂၀ ခုနှစ် တွင် ဆရာတော်သည် မြန်မာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန်ကျင်ရေး တရား များကို ဟောပြောခသည်။

ယင်းပိုင် ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပီးခံရသည်။

ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်စွာ လူ့အခွင့်အရေးပါ၊ ဒေအခွင့် အရေးစွာ ငါရို့မှာ ဟိရေ၊ ငုံ့မခံကတ်ကေ့” ဟု ပြည်သူတိကို လှုံ့ဆော်ဟောပြောခရေ အတွက်ကြောင့် ဒုတိယအကြိမ် ထောင် ၃နှစ် ကျခပြီး ၁၉၂၈တွင် တတိယအကြိမ်အဖမ်းခံခရသည်။

ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်လား ပါ” ဟူသော စာကိုရွီးသားပို့ပီးခသည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နိ့တွင် ပျံလွန်တော်မူခပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော်သည် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခသည်။

ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုများဖြစ်လာမည်ကို စစ်အာဏာပိုင်တိက စိုးရိမ်ရေ အတွက်ကြောင့် ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ဆရာတော်အား မိန့်ပျောက်စီရန် အတွက် ရွှေတိဂုံ ဘုရား အနီးဟိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစီခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံဟိ ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မဟိခြင်း၊ ဆရာတော်ရုပ်တုကို အရိုအသေပီးမှုများအား တားမြစ်အရေးယူခြင်း များဟိသည်ဟုလည်း သိရသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1783:2009-09-10-09-09-35&catid=1:news&Itemid=2

0 comments:

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP