အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။

Thursday, September 10, 2009

ဆရာတော် ဦးဥတ္တမနေ့ကြောင့် စစ်တွေ လုံခြုံရေး အထူးတင်းကျပ်

9/8/2009
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ မိုးထခါကျရောက်ဖို့ဆရာတော် ဦးဥတ္တမနိ့ကြောင့် လုံခြုံရေးကို ခါတိုင်းနိ့များထက် အခုအခါ ပိုမို တင်းကျပ်ထားသည်ဟု သိရသည်။

အဓိက လုံခြုံရေး တင်းကျပ်ထားသော နိန်ရာများမှာ စစ်တွေ တက္ကသိုလ်၊ နည်းပညာကောလိပ်၊ မီးသတ်ခွဆုံ၊ ဦးဥတ္တမ ပန်းခြံ၊ မြို့တော်ခန်းမ၊ ဘုရားကြီး၊ လောကာနန္ဒာ၊ ဦးရဲကျော်သူ ကျောင်းနှင့် တခြား နာမည်ကြီး ဘုန်းတော်ကြီး ကျောင်းများ အနီးမှာဖြစ်သည်။

စစ်တွေက ကျောင်းသား တဦးက “ဆရာတော် ဦးဥတ္တမနိ့မှာ ဆန္ဒပြပွဲတိ၊ ဆရာတော် ဦးဥတ္တမနိ့ အခမ်းအနားတိ မပေါ်ပေါက်ရအောင် တားဆီးလိုရေ အတွက်ကြောင့် အခုပိုင် ရဲနန့် လုံထိန်းအင်အားကို စစ်တွေမြို့က အရေးကြီးရေ နိန်ရာ တိမှာ တိုးမြှင့် ချထားစွာ ဖြစ်ပါရေ။” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမနိ့ အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ဆရာတော် ဦးဥတ္တမနိ့ကို စစ်တွေမှာ လျို့ဝှက်စွာ ကျင်းပကတ်ရသည်ဟု သူက ပြောသည်။

“ကျောင်းသား လူငယ်တိ အများစုက ဆရာတော် ဦးဥတ္တမ ပန်းခြံကို လားပနာ ဆရာတော် ရုပ်ထုကို ဂါရ၀ လားပြုလေ့ဟိပါသည်။ ကုန်ခရေနှစ်ကတော့ခါ ဦးဥတ္တမ ပန်းခြံထဲကို ၀င်ရောက်ခွင့်ကို ပိတ်ထားခရေအတွက် အပြင်ကနိန်ပြီး ဆီးမီးထွန်း ပူဇော်ခရပရေ၊ အေနှစ်မှာလည်း ခွင့်ပြုဖို့ မဟုတ်ပါ။ ပိတ်ပင်ထားဖို့ သေချာ ပါရေ။ ယင်းကြောင့် ဆရာတော်နိ့ အခမ်းအနားကို ဘုန်းတော်ကြီး ကျောင်းတချို့မှာ လျို့ဝှက်စွာ ကျင်းပ ကြရဖို့ ဖြစ်ပါရေ” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် မြန်မာ့ လွတ်လပ်ရေးကို စတင် မျိုးစေ့ချပီးခသူ ဆရာတော် ဦးဥတ္တမနိ့ အခမ်းအနား ကျင်းပခွင့်ကို ရခိုင်ပြည်နယ် တ၀န်းလုံးတွင် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထား သဖြင့် ရခိုင် ကျောင်းသား လူငယ်တိ၊ ရဟန်းတော်များနှင့် ပြည်သူများက ဆရာတော် ဦးဥတ္တမနိ့ကို ရခိုင်ပြည်နယ်မှာ ကိုယ့်နည်း ကိုယ်ဟန်ဖြင့် စုဝေး ကျင်းပလေ့ဟိကတ်ပါသည်။

၎င်းအပြင် ဆရာတော်အား ဂုဏ်ပြုရေ ကဗျာများရွီးသားထားရေ စာရွက် စာတန်းတိနှင့် ဆရာတော် ပြောဆိုခရေ အဆိုအမိန့်တိကို ဖေါ်ပြထားရေ စာရွက် စာတန်းတိကို နှစ်စဉ် စစ်တွေမှာ အမည်မသိသူများက ဖြန့်ဝီလေ့ဟိသည်။

ရခိုင်ပြည်နယ်မှာ နအဖ စစ်အာဏာပိုင်တိက နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်နိန်သဖြင့် ရခိုင်ပြည်သူတိ အကြား အထူး မကြေနပ်မှုတိုးပွားနီသဖြင့် ဆရာတော် ဦးဥတ္တမနိန့်တွင် ဆန္ဒပြပွဲတိ ပေါ်ပေါက်လာဖို့ကို စိုးရိမ်ကာ စစ်တွေမှာ လုံခြုံရေးကို အထူး တင်းကျပ်ထားခြင်း ဖြစ်သည်။

(မှတ်ချက်။ ။ မူရင်းမြန်မာဘာသာကို ရခိုင်ဘာသာသို့ပြန်ထားသည်)
http://www.narinjara.com/detailsbur.asp?id=2063

0 comments:

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP