အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။

Friday, September 11, 2009

နှစ်(၇၀)မြောက် ဆရာတော် ဦးဥတ္တမနိ့ ကော့(စ်)ဘာဇားမှာကျင်းပ

9/9/2009
မောင်အေး(နိရဉ္စရာ)
နှစ်(၇၀)မြောက် ဆရာတော်ဦးဥတ္တမနိ့အောင့်မိဖွယ် အခမ်းအနားကို ဘင်္ဂလာ-မြန်မာနယ်စပ် ကော့(စ်) ဘာဇားတွင် ဂနိန့်စောစောက ပြည်ပရောက် ရခိုင် အမျိုးသားတိက စုပေါင်း ကျင်းပခကတ်သည်။

အဆိုပါ အခမ်းအနားကို ဂနိန့်စောစော ၉ နာရီတွင် ကောာ့(စ်)ဘာဇားမြို့ဟိ ရခိုင်အမျိုးသားများ တိုးတက်ရေး အဆောက်အအုံ ( အာရ်ဒီအက်ဖ်) တွင် ကျင်းပ ပြုလုပ်ခပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခသည်။

၎င်းနောက်ပိုင်း တက်ရောက်လာသူတိက ဆရာတော် ရုပ်ပုံရှိတွင် လွန်းသူ့ပန်းဂွေချကာ ဦးညွတ်အလေးပြုခကတ်သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်ရေ အသျှင် စန္ဒာဝရက “ဂနိန့်ကျရောက်ရေ နှစ်(၇၀)မြောက် ဆရာတော် ဦးဥတ္တမနိ့မှာ ပြည်ပမှာရောက်နီကတ်တ ရခိုင်အမျိုးသားတိ စုပေါင်းကျင်းပနိုင်ကတ်တေအတွက်ဝမ်းသာပါရေ။ အခုဦးဇင်ရို့လုပ်နီရေပိုင် ပြည်တွင်းမှာ ဆရာတော်ဦးဥတ္တမနိ့ကို မကျင်းပနိုင်ကတ်တေအပြင် ဆရာတော်ဦး ဥတ္တမနန့်ပတ်သတ်တေ သမိုင်း အထောက်အထားတိကို စစ်အစိုးရအဆက်ဆက်က ဖျက်ဆီးပစ် ခရေ။ ယကေလည်း ဆရာတော် ဦးဥတ္တမနိ့ကို နိုင်ငံတကာမှာ ရောက်နီကတ်တေ ရခိုင် အမျိုးသားတိက တတ်နိုင်ရေနည်းနန့် နှစ်စဉ်နှစ်တိုင်း ကျင်းပနီစွာကိုတွိ့ရလို့ဝမ်းသာအားရ ဖြစ်မိပါရေ” ဟု အဖွင့်မိန်းခွန်းတွင် ပြောသည်။

အခမ်းအနားသို့ ပင့်ဖိတ်ထားရေ ရဟန်းတော်တိ ဒေသခံလူငယ်တိနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ရောက်နီကတ်တေ တသီးပုဂ္ဂလိကများအပါအ၀င် ပြည်ပရောက်ရခိုင် အမျိုးသား စုစုပေါင်း အင်အား ၆၀ ကျော် တက်ရောက်ခသည်။

ဦးဆောင်ကျင်းပသူတဦးဖြစ်ရေ ကိုအောင်သန်းက “ ဒေအခမ်းအနားကို ကျင်းပရစွာက ဆရာတော်ကို လေးစားကြည်ညိုရေအနီနန့် ကျင်းပရစွာ ဖြစ်ရေပိုင် ဆရာတော်ကဲ့သို့ မြင့်မြတ်ရေ ပုဂ္ဂိုလ်တွိကို ဂုဏ်ပြုခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်တိလည်း ဆရာတော်ကဲ့သို့ တော်လှန်ရေး နိုင်ငံရေးနယ်ပယ်မှာ အနစ်နာခံ ရိုးသားစွာ လုပ်ဆောင်နိုင်ဖို့စံနမူနာ ယူနိုင်ကြအောင်ဆိုရေ ရည်ရွယ်ချက်နန့် ကျွန်တော်ရို့ ပြုလုပ်ရစွာဖြစ်ပါရေ။” ဟုပြော သည်။

ဆရာတော်ဦး ဥတ္တမပျံလွန်တော်မူရေ ၁၉၃၉ ခုနှစ် စက်တင်္ဘာ ၉ ရက်နိ့ကိုရခိုင်တမျိုးသားလုံးက ဆရာတော်ဦး ဥတ္တမနိ့အဖြစ်သတ်မှတ်ထားသည်။

အခမ်းအနားတွင် တက်ရောက်လာကတ်တေ ရခိုင်အမျိုးသားများက ဆရာတော်ဦးဥတ္တမ ဘ၀လျောက်လုံး ကိုယ်ကျိုးစွန့်အနစ်နာခံပြီး နိုင်ငံရေးလုပ်ဆောင်ချက်တိကို ဟောပြောခပြီး ရဲဘော် စောရာဇာက ဆရာတော်အား သီးချင်းတပုဒ်ဖြင့် သီဆို ဂုဏ်ပြုခသည်။

အခမ်းအနားကို နံနက် ၁၁ နာရီတွင် တက်ရောက်လာသူတိက ဆရာတော်အား ရည်မှန်းပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရီစက်ချအမျှပီးဝီးပြီး ကြွရောက်လာကြသည့် ရဟန်းတော်များကို မွန်းလွဲ ဆွမ်းဆက်ကပ် လှူဒါန်းပြီး အောင်မြင်စွာအဆုံးသတ်ခကတ်သည်။

http://www.narinjara.com/detailsbur.asp?id=2067

0 comments:

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP