အားလုံးမင်္ဂလာပါ အာဂန္တုတိ

ပြုပျင်နိန်ဆဲကာလရာဖြစ်ပါရေ။ အားရေခါ ပြန်လို့အလှပပျင်ပါဖို့။
“အာယှနီဝန်း”ဘလော့ကနိန်လို့ “ရခိုင်တိအတွက် မမိန့်နိုင်ရေနိန့်ရက်တိ” လို့နာမည်ပြောင်းပါဖို့။

Friday, September 11, 2009

နှစ် (၇၀)မြောက် ဆရာတော်ဦးဥတ္တမနိ့ ထိုင်းနိုင်ငံ နီရာ အနှံ့အပြားမှာ ပြုလုပ်

9/10/2009
သျှင်ထွီးခိုင်(နိရဉ္စရာ)
နှစ်(၇၀)မြောက် ဆရာတော်ဦးဥတ္တမနိ့ ဂုဏ်ပြု အောင့်မိခြင်း အထိမ်းအမှတ်နိ့ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နိ့က ထိုင်းနိုင်ငံဟိ နီရာ အနှံ့အပြားမှာ ကျင်းပပြုလုပ်ခကတ်သည်။

ယင်းသို့ ပြုလုပ်ရာတွင် ပါဝင်သော နီရာ တချို့မှာ အုန်းပြန့်၊ နို့ဖိုး ဒုက္ခသည် စခန်းနှင့် မဲဆောက်မြို့ရို့မှာ ဖြစ်သည်။

အုန်းပြန့် ဒုက္ခသည်စခန်းမှာပြုလုပ်ခရေ အခမ်းအနားကို ရခိုင်လူမှု စေတနာဝန်ထမ်း အသင်းမှ ကြီးမှူး၍ ရခိုင်စေတနာဝန် ထမ်းအသင်းရုံး၌ ကျင်းပခသည်။

စောစော ၆ နာရီတွင် ဆရာတော်ဦးဥတ္တမအားရည်စူး၍ ရဟန်းသံဃာ ၁၂ ပါး ပင့်ဆောင်ကာ အာရုံဆွမ်းနှင့် ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းခပြီး ဆရာတော်တိက တရားဒေသနာ တော်မြတ်ချီးမြှင့်ဟောကြားခသည်။

အခမ်းအနားသို့ရခိုင်တော်လှန်ရေးသမားတိ၊ ပြည်ချစ်၊ မျိုးချစ်ပုဂ္ဂိုလ်တိနှင့် အာဂန္တုတိ စုစုပေါင်း ၃၀၀ ကျော်ခန့်တက်ရောက်ခပြီး စောစော ၉ နာရီတွင် စတင်ကျင်း ပခသည်။

အခမ်းအနားတွင် ဆရာတော်အသျှင် နန္ဒသိဒ္ဓိ၊ အသျှင်ဝိရိယရို့က နာယကအဖြစ်နှင့် ဆရာကြီးခိုင်နီလင်း၊ ဦးမြင့်သိန်းရို့က သဘာပတိအဖြစ်လည်းကောင်း တာဝန်ယူဆောင် ရွက်ခသည်။

နို့ဖိုး ဒုက္ခသည် စခန်းတွင် ကျင်းပပြုလုပ်ရေ ဆရာတော်ဦးဥတ္တမနိ့ အခမ်းအနားကို မြန်မာတိုင်းရင်းသား လူမျိုးပေါင်း ၂၀၀ ကျော်တက်ရောက်ခသည်။ ဦးဥတ္တမနိ့ အခမ်းအနားတွင် နံရပ်ကပ် စာစောင် ပြပွဲတခုကိုလည်း ပြုလုပ်ခသည်သည်ဟု သိရသည်။

မဲဆောက်တွင် ပြုလုပ်ခရေ ဆရာတော် ဦးဥတ္တမနိ့ အခမ်းအနားကို လူပေါင်း ၂၀၀ ကျော် တက်ရောက်ခပြီး အမတ်ကြီး ဦးထွန်းဝင်းမှ သဘာပတိ အဖြစ် ဆောင်ရွက်ခသည်ဟု အီးမေးလ်ဖြင့် ပို့ပီးရေ စာတွင် ဖေါ်ပြသည်။
http://www.narinjara.com/detailsbur.asp?id=2070

0 comments:

  © Blogger template 'Isfahan' by Ourblogtemplates.com 2008

Back to TOP